Thursday, 19 September 2013

တစ်ကြော့ပြန် နိုင်ငံရေးသိပ္ပံ

နိုင်ငံရေးသိပ္ပံ ဘလော့ကို လုပ်ထားတာ အတော်ကြာပါပြီ။ ကိုယ့်ဘလော့ကို ကိုယ်ကိုယ်တိုင်တောင် ၀င်မကြည့်ဖြစ်တာလဲ အတော်ကြာပါပြီ။ ဆက်ပြီးတော့လဲ မရေးဖြစ်တာ ကိုယ်သိသလောက် တတ်သလောက် ပြန်လည် မမျှဝေနိုင်တာအတွက် စိတ်မကောင်း ဖြစ်ရပါတယ်။ အခုတော့ တတ်နိုင်သလောက် ပုံမှန် စာတွေတင်သွားဖို့ ဒီဘာသာရပ်ကို စိတ်ဝင်စားသူတွေ အတွက် အကျိုးရှိအောင် တိုင်းပြည်အခြေအနေကို လိုက်လို့ စိတ်ဝင်စားလာသူတွေလည်း များလာတာကတကြောင်းကြောင့် ပုံမှန်စာရေးသွားဖို့ စိတ်ကူးပါတယ်။ နိုင်ငံရေးတိုက်ပွဲ ဘ၀တိုက်ပွဲတွေကြားမှာ လွန်ဆွဲနေရင်း ဒီဘလော့ကို ပစ်ထားမိတာအတွက်လည်း လာရောက်ဖတ်ရှုသူ အပေါင်းကို ဒီနေရာကနေ တောင်းပန်လိုက်ပါရစေ။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

No comments: