Saturday 14 November 2009

နိုင်ငံရေးဆိုင်ရာ ဝေါဟာရများ (အင်္ဂလိပ် အက္ခရာ အေ - A)

အကြွင်းမဲ့ အာဏာရှင်ဝါဒ (Absolutism)
အကန့် အသတ်မရှိ အုပ်ချုပ်ပိုင်ခွင့်ရှိသည် ဟူသော အဆိုတစ်ရပ်ပေါ်မှာ အခြေခံလေ့ရှိသော အကြွင်းမဲ့ အာဏာရှင် အစိုးရ ၏ သီအိုရီ (၀ါ) ကျင့်ထုံး

တာဝန်ယူဖြေရှင်းနိုင်မှု (Accountability)
မှတ်ကျောက်တင်နိုင်စွမ်းရှိခြင်း။ အထက်အာဏာပိုင်တို့ ၏ စောင့်ကြည့်လေ့လာမှု၊ မှတ်ကျောက်တင်မှုတို့ ကို ခံယူနိုင်ခြင်း နှင့် တစ်ဦးတစ်ယောက်၊ တစ်သင်းတစ်ဖွဲ့ တို့ ၏ အပြုအမူ၊ လုပ်ပုံကိုင်ပုံတို့ ကို တာဝန်ယူဖြေရှင်းနိုင်ခြင်း

စီမံအုပ်ချုပ်ရေး (Administration)
မူဝါဒများချမှတ်ခြင်း၊ မူဝါဒများ ချမှတ်ရန် ညှိနိုင်းဆောင်ရွက်ခြင်း စသည်တို့ နှင့်သက်ဆိုင်သော လုပ်ငန်းဆောင်တာ။ သတင်းအချက်အလက်များ၊ ငွေကြေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရခြင်း

စီမံအုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ (Administrative Law)
အုပ်ချုပ်ရေးအာဏာ နှင့် မူဝါဒအကောင်အထည်ဖော်ဆောင်ခြင်းများ ပြုကျင့်မှုတို့ ကို စည်းကမ်းသတ်မှတ်ပြဌာန်းသော ဥပဒေ

အတုအပြိုင်နိုင်ငံရေး (Adversary Politics)
သဘောတရားရေးရာ တုပြိုင်မှုဝါဒ နှင့် အဓိက အရေးပါသော ပါတီများကြား ဖြစ်ပွားနေဆဲ ရွေးကောက်ပွဲ တိုက်ပွဲ များစသည့် လက္ခဏာများဖြင့် ခွဲခြားထားသည့် နိုင်ငံရေးပုံစံ တစ်မျိုး

ရှေ့ လုပ်ငန်းစဉ် အစီအစဉ် (Agenda Setting)
ဆွေးနွေးမည့် အကြောင်းအရာများကို ကြီးကြပ်ခြင်း သို့ မဟုတ် ဦးစားပေးဆွေးနွေးသင့်သည့် အကြောင်းအရာများကို အကောင်အထည်ဖော်ခြင်းဖြင့် မူဝါဒဆိုင်ရာ ဆွေးနွေးပွဲများကို စီမံနေရာချထားနိုင်မှု

မျိုးကွဲခြင်း (Alienation)
စနစ်တစ်မျိုး၊ ၀ါဒတစ်မျိုး၏ ပကတိ (၀ါ) မရှိမဖြစ် သဘောသဘာဝါ မှ ခွဲထွက်ခြင်း၊ ဥပမာ မာ့က်(စ်) ၀ါဒီတို့ အတွက် လုပ်အား ကို ကုန်ပစ္စည်းမျှသာ လျှော့ချခြင်း

စေတနာဝါဒ (Altruism)
မိမိအတွက်ကောင်းကျိုးပြုသည်ဟူသော အသိပညာ ကြောင့်သော်၎င်း၊ အများကောင်းကြိုးကို အလေးထား၍သော်၎င်း ထားရှိသော အများအကြိုး၊ သူတပါးတို့ အကျိုးရည်စူးသော စိတ်စေတနာ

မင်းမဲ့ဝါဒ (Anarchism)
(အရည်အသွေး မမှီ၊ တန်းမမှီသော) လွတ်လပ်မှု နှင့် သာတူညီမျှမှုကို ယုံကြည်မှုအပေါ် အခြေခံသော အစိုးရဖျက်သိမ်းရေး နှင့် နိုင်ငံရေးအာဏာပိုင် ကို လုံးဝ ငြင်းပယ်ရေး ကို စွဲကိုင်သော သဘောတရား

မင်းမဲ့အခြေအနေ (Anarchy)
ဝေါဟာရအားဖြင့် အုပ်ချုပ်မှု၊ အုပ်ချုပ်သူ (၀ါ) မင်းမရှိခြင်း။ မတည်မငြိမ်ဖြစ်ခြင်း၊ ကစဥ့်ကလျား ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းများကို ရှုတ်ချပြီး မင်းမဲ့အခြေအနေ ဟု မကြာခဏအသုံးပြူသည်

အစိုးရဟောင်း (၀ါ) စနစ်ဟောင်း (Ancien regime)
ဝေါဟာရအားဖြင့် စနစ်ဟောင်း။ ပြင်သစ်တော်လှန်ရေး မတိုင်မီ အကြွင်းမဲ့ အာဏာရှင် ဖွဲ့ စည်းပုံများ နှင့် များသောအားဖြင့် ဆက်နွယ်မှုရှိသော စနစ်ဟောင်း 

လူမှုသီလအနတ္တ (Anomie)
စံနှုန်းသတ်မှတ်ပြဌာန်းထားသော စည်းမျဉ်းဥပဒေများ၊ တန်ဖိုးများ ယုတ်လျော့လာခြင်း။ အထီးကျန်ခြင်း၊ အဖော်မဲ့ခြင်း၊ အဓိပ္ပါယ် မဲ့ခြင်း စသော စိတ်ခံစားမှုများဖြင့် ဆက်စပ်မှုရှိသည်

မနုဿအဓိကဖြစ်သော (Anthropocentric)
အခြားသက်ရှိပုံသဏ္ဍာန်အားလုံးအထက်မှနေ၍ လူသားတို့ ၏ အကျိုးစီးပွားကိုသာ ဦးစားပေးသည့် ကျင့်ဝတ်

မနုဿအဓိက၀ါဒ (Anthropocentrism)
လူသားများ၏ လိုအပ်ချက်များ နှင့် အကျိုးကျေးဇူးများသည် စိတ်ဓါတ် နှင့် ဒဿနိကဆိုင်ရာ အရေးပါမှုများကို လွှမ်းမိုးထားသည်၊ ဂေဟအဓိက၀ါဒ နှင့် ဆန့် ကျင်ဘက်

ပါတီနိုင်ငံရေးဆန့် ကျင်ရေး ပါတီများ (Antiparty parties)
သမရိုးကျ ပါတီနိုင်ငံရေး ကို ပယ်ဖျက်ရန် ရည်ရွယ်သည့် ပါတီများ၊ လွှတ်တော်ဖြန်ဖြေမှုကို ငြင်းပယ်ပြီး လူထုစုရုံးမှုကို အခြေပြုသော ပါတီများ

နိုင်ငံရေးဆန့် ကျင်ရေး (Anti-politics)
တရားဝင်ပြီးအခြေကျနေသော နိုင်ငံရေးလမ်းစဉ်များ ကို မကောင်းမြင်ခြင်း။ ပူးပေါင်းဆောင်ရွက်မှု မရှိခြင်း၊ လုပ်ငန်းစဉ်ဆန့် ကျင်ရေး ပါတီများကို ထောက်ပံ့ကူညီခြင်း သို့ မဟုတ် တိုက်ရိုက် တိုက်ခိုက်ရယူခြင်း စသည့်လက္ခဏာများပါဝင်သည်

ဂျူးမုန်းတီးရေးဝါဒ (Anti-Semitism)
ဂျူးလူမျိုးများ အပေါ်တွင်ထားရှိသော အာဃာတ နှင့် အမုန်းတရား။ ဂျုးမုန်းတီးရေးဝါဒ ကို ဘာသာရေး၊ စီးပွားရေး နှင့် လူမျိုးရေး စသည့် ပုံစံမျိုးစုံဖြင့်တွေ့ မြင်နိုင်သည်

အာရှတန်ဖိုးများ (Asian values)
အာရှလူ့ အဖွဲ့ အစည်းများ၏ နောက်ခံသမိုင်း၊ ဘာသာရေး၊ ယဉ်ကျေးမှူ စသည့် အကြောင်းအရင်းများပေါ်တွင် ရောင်ပြန်ဟပ်သည်ဟု ယူဆရသော တန်ဖိုးများ။ ဥပမာ သဟဇာတဖြစ်စွာ နေထိုင်ခြင်း၊ အခွင့်အာဏာကို လေးစားခြင်း၊ မိသားစု (တန်ဖိုး)ကို ယုံကြည်မှုရှိခြင်း

အသင်းအဖွဲ့ (Association)
အများအကျိုး (၀ါ) အများအရေးကိစ္စကို အသိအမှတ်ပြုခြင်းကို ရောင်ပြန်ဟပ်သောအားဖြင့် စေတနာ့ဝန်ထမ်း လုပ်ဆောင်မှုများဖြင့် ဖွဲ့ စည်းထားသော အသင်းအဖွဲ့ ၊ အုပ်စုတစ်စု

အေသင်ဒီမိုကရေစီ (Athenian democracy)
လူထုအစည်းအဝေးများ နှင့် အစိုးရဌာနများ ကိုဝေပုံကျစနစ်ဖြင့် ခွဲတမ်းချအုပ်ချုပ်သော အစိုးရစနစ်ကို အခြေခံသည့် တိုက်ရိုက်ဒီမိုကရေစီ ပုံစံတစ်မျိုး

အဏုမြူဝါဒ (၀ါ) အက်တန်မီဇင် (Atomism)
လူ့ အဖွဲ့ အစည်းသည် မိမိကိုယ်ကို ကြွယ်ဝပြည့်စုံနိုင်သော၊ ကိုယ့်အားကိုကိုးနိုင်သော လူပုဂ္ဂိုလ်များဖြင့် ဖွဲ့ စည်းသည်ဟူသော အယူအဆ သို့ မဟုတ် လူမှုစရိုက်လက္ခဏာများ ပျက်စီးခြင်းနှင့် အထီးကျန်ခြင်းတို့ ကို ဦးတည်ရည်ရွယ်မှု

စီးပွားရေးပြည့်စုံလုံလောက်ခြင်း (Autarky)
ဝေါဟာရအားဖြင့် ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင်စီမံအုပ်ချုပ်ခြင်း။ နိုင်ငံတကာ ကုန်သွယ်ရေး သို့ မဟုတ် ကိုလိုနီနယ်ချဲ့ ခြင်းမှ ရုတ်သိမ်းပြီး ပြည်တွင်း စီးပွားရေး ပြည့်စုံလုံလောက်ခြင်းဖြင့် များသောအားဖြင့် ဆက်စပ်လေ့ရှိသော

အာဏာရှင်ဆန်သော (Authoritarian)
ကိုယ်ပိုင် လွတ်လပ်ခွင့်ကို ကန့် သတ်ပိတ်ပင်ပြီး တာဝန်ခံမှုမရှိသော အုပ်စိုးခြင်းကို ရည်ညွှန်းသည်

အာဏာရှင်ဝါဒ၊ အာဏာရှင်စနစ် (Authoritarianism)
အထက်စီးမှ အုပ်စိုးသော အစိုးရစနစ်ကို ကျင့်သုံးမှု (၀ါ) ယုံကြည်မှု။ အုပ်ချုပ်ခံရသူ ပြည်သူလူထု၏ သဘောတူညီမှူကို အရေးမထားပဲ အုပ်ချုပ်ခြင်း၊ အမိန့် အာဏာကိုကျင့်သုံးခြင်း

အမိန့် အာဏာ (Authority)
တစ်ခြားသူတို့ ၏အပြုအမူအပေါ် ဩဇာလွှမ်းမိုးနိုင်ခွင့် (လိုက်နာကျင့်သုံးရန် အသိအမှတ်ပြုထားသော တာဝန်တစ်ခုပေါ်တွင် အခြေခံခြင်းဖြင့်)။ ရှေးရိုးအစဉ်အလာ ကြောင့်သော်၎င်း၊ လွှမ်းမိုးမှုကြောင့်သော်၎င်း၊ ဥပဒေရေားရာ နှင့် ဆင်ခြင်တုံတရားအရသော်၎င်း အမိန့် အာဏာ အမျိုးမျိုးကွဲပြားနိုင်သည်

အာဏာ (Authority)
အာဏာကို ကျင့်သုံးနိုင်ခွင့် ရှိသည်ဟု မှတ်ယူသော လူတစ်ဦးတစ်ယောက် သို့ မဟုတ် တစ်စုတစ်ဖွဲ့  တရားဝင်စွာ တရားဥပဒေနှင့်အညီ ပြုမူဆောင်ရွက်သည့် အခြေအနေ

ကိုယ်ပိုင်အုပ်ချုပ်ရေး (Autonomy)
ဝေါဟာရအားဖြင့် ကိုယ်ပိုင်အုပ်ချုပ်ရေး၊ လွတ်လပ်တဲ့ လူတစ်ယောက်ဟာ ပြင်ပဩဇာလွှမ်းမိုးမှုမရှိပဲ သူ (၀ါ)သူမ၏ လွတ်လပ်မှု ဂုဏ်သတ္တိဖြင့် အသိညဏ်ရှိရှိ ကိုယ်ထင်မြင်ရာကို ပြုလုပ်သူဖြစ်သည်

ရည်ညွှန်း
အင်ဒရူးဟေးဝု(ဒ်) ၏ နိုင်ငံရေး (Politics by Andrew Heywood)

ရောဘတ် ဂါနာ၊ ပီတာ ဖာဒီနန် နှင့် စတက်ဖနီ လောဆင် တို့ ၏ နိုင်ငံရေးဘာသာရပ် မိတ်ဆက် (Introduction to Politics by Robert Garner, Peter Ferdinand & Stephanie Lawson)

No comments: